• ရေစိုခံခြင်းနှင့် နဂိုအတိုင်းပြန်ဖြစ်စေခြင်း

    ရေစိုခံခြင်းနှင့် ပြန်လည်ပြုပြင်မှုတို့အတွက် ထုတ်ကုန်နှင့် စနစ်ပိုင်းဆိုင်ရာ ဖြေရှင်းမှုများ

    အချိန်နှင့်အမျှ အစိုဓါတ်များ အတားအဆီးမရှိ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာခြင်းကြောင့် အဆောက်အအုံပစ္စည်းများအားလုံး ထိခိုက်ပျက်စီးလာပါသည်။ ထို့ကြောင့် အသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း စီမံကိန်းများတွင် အစိုဓါတ်ဝင်ရောက်ခြင်းကို ကာကွယ်ခြင်းသည် ထိပ်တန်းဦးစားပေးကိစ္စဖြစ်သည်။ SCHOMBURG တွင် ရာစုနှစ်များချီခဲ့သည့် အတွေ့အကြုံရှိပြီး သင့်တော်မှုအပြည့်အဝရှိသည့် ထုတ်ကုန်များနှင့် အရည်အသွေးမြင့်မားသော ဖြေရှင်းနည်းများကို ဖြည့်ဆည်းပေးနေပါသည်။
  • ကြွေပြား/သဘာဝကျောက်တုံး/အင်္ဂတေအလွှာခင်းခြင်း

    ကြွေပြား၊ သဘာဝကျောက်တုံးနှင့် သရွတ်များ အင်္ဂတေကိုင်တပ်ဆင်ခြင်းအတွက် ထုတ်ကုန်များနှင့် စနစ်ပိုင်းဆိုင်ရာဖြေရှင်းမှုများ

    ကွဲပြားမှုအများဆုံးနေရာများကို ရေစိုခံအောင်လုပ်ဆောင်ခြင်းနှင့် ကြွေပြားများကို ပြင်ဆင်ခြင်းတို့အတွက် ရှိလာနိုင်သော လိုအပ်ချက်များအားလုံးအတွက် သင့်တော်သည့် ထုတ်ကုန်စနစ်များအပေါ်တွင် အာရုံထားရန် အရေးကြီးပါသည်။ SCHOMBURG တွင် ဤစနစ်များအားလုံးကို ဆန်းသစ်တီထွင်မှုနှင့် အကောင်းဆုံး သင့်တော်သည့် ထုတ်ကုန်များအဖြစ်တွေ့မြင်ရမည်ဖြစ်သည်။
  • မျက်နှာပြင်ကာကွယ်မှုပေးသည့်စနစ်များ

    မျက်နှာပြင်ကာကွယ်မှုအတွက် ထုတ်ကုန်နှင့် စနစ်ဖြေရှင်းချက်များ

    နှစ်ပေါင်းများစွာကြာအောင် ကျွန်ုပ်တို့၏ဖွံ့ဖြိုးတိုးတက်ရန် အလေးထားဆောင်ရွက်မှုကို မျက်နှာပြင်ကာကွယ်ရေးနယ်ပယ်တွင် အောင်မြင်စွာထားရှိလုပ်ဆောင်နိုင်ခဲ့ပါသည်။ လုပ်ငန်းကဏ္ဍ၏ သက်ဆိုင်ရာတိကျသည့် လိုအပ်ချက်များကို ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဖြည့်ဆည်းပေးပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏ ကြမ်းပြင်ပေါ်တွင်အလွှာထပ်လောင်းခြင်းအား တမူကွဲပြားစေသည့် ကောင်းမွန်သော ဓါတုပစ္စည်းတွန်းလှန်နိုင်မှုနှင့် တိုက်စားမှုလက္ခဏာ နည်းပါးခြင်းတို့ဖြစ်သည်။ အခြားလိုအပ်ချက်များဖြစ်သည့် အက်ကွဲကြောင်းဆက်ခြင်း၊ ကြမ်းပြင်ချော်မှုတားဆီးခြင်း၊ လျှပ်စီးကြောင်း ဖြတ်ချခြင်း စသည်တို့အတွက်လည်း စနစ်ပိုင်းဆိုင်ရာဖြေရှင်းချက်များ ဖြည့်ဆည်းပေးပါသည်။
  • ကွန်ကရစ်နည်းပညာ

    ဘိလပ်မြေအသုံးပြုသည့် လုပ်ငန်းကဏ္ဍတွက် ထုတ်ကုန်နှင့် စနစ်ဖြေရှင်းချက်များ

    ကွန်ကရစ်လုပ်ငန်းကဏ္ဍသည် အင်္ဂါရပ်များစွာပါရှိသော နယ်ပယ်ဖြစ်သည်။ လိုအပ်မှုများ၊ သုခုမဟန်များနှင့် ဝန်းကျင်တစ်ခုဖန်တီးရန် လုပ်ဆောင်ချက်၊ ပုံစံနှင့် အရောင်တို့ကြားတွင် ဟန်ချက်ညီမျှနေမှုသည် SCHOMBURG မှ ရည်မှန်းလုပ်ဆောင်နေသော ပန်းတိုင်ပင်ဖြစ်သည်။ ဤရလဒ်အပေါ် လွှမ်းမိုးနေသည့် အကြောင်းရင်းခံများ အများအပြားရှိသည်။ ထိုအတွေးအမြင်များအပေါခြုံငုံပြီး ဤသို့အကြောင်းရပ်အမျိုးမျိုးရှိသည့်နယ်ပယ်တွင် ကွဲပြာခြားနားမှုအများဆုံး ထုတ်ကုန်များနှင့် ဖြေရှင်းနည်းများ လိုအပ်ပါသည်။ ကွန်ကရစ်နည်းပညာ ကျွမ်းကျင်လိမ္မာမှုအဝန်းအဝိုင်းအတွင်းရှိ ကျွန်ုပ်တို့၏ အတွေ့အကြုံအပေါ်ကို အထူးအာရုံစိုက်ထားပါသည်။
  • သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသော SCHOMBURG

    ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်ကို ကာကွယ်ခြင်း

    သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေခြင်း-နဂိုအတိုင်းပြန်လည် ပြင်ဆင်မွမ်းမံရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းကာကွယ်ခြင်း ဤသို့လုပ်ဆောင်ခြင်းသည်ပင် SCHOMBURG ကုမ္ပဏီများအုပ်စု၏ အလေးထားရာဖြစ်သည်။ ကျွန်ုပ်တို့ထုတ်ကုန် အများအပြားကို တင်းကြပ်စွာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ဤအရာနှင့် ရေရှည်တည်တံ့ခိုင်မြဲသော တည်ဆောက်ရေးနှင့် စီးပွားရေးတို့အတွက် လိုအပ်ချက်များနှင့်ပတ်သက်ပြီး စံသတ်မှတ်ခြင်းဖြစ်သည်။ အသုံးပြုသူများ၏ ကျန်းမာရေးနှင့် သက်တောင့်သက်သာဖြစ်မှုတို့လည်း စံနှုန်းများတွင် ပါဝင်သည်။ အချုပ်ဆိုရလျှင် ဤအရာအားလုံးကို ထုတ်လွှတ်မှုလျော့နည်းသော ထုတ်ကုန်များမှတစ်ဆင့် ရရှိနိုင်အောင် လုပ်ဆောင်ထားပါသည်။