နောက်သို့

ဒေတာ လျှို့ဝှက်ရေး ထုတ်ပြန်ချက်

ဝဘ်ဆိုက် ဝင်ကြည့်သူများအတွက် ဒေတာ လျှို့ဝှက်ရေး ထုတ်ပြန်ချက်

အောက်တွင်၊ ကျွန်ုပ်တို့ SCHOMBURG GmbH & Co. KG သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ ဝင်ကြည့်သောအခါ သင်၏ ကိုယ်ပိုင်ဒေတာကို စီစဉ်လုပ်ဆောင်ခြင်းအား ရှင်းပြထားပါသည်။ ဒေတာ ကာကွယ်ရေးနှင့် ပတ်သက်၍ သင့်တွင် မေးမြန်းလိုသည်များရှိပါက၊ ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိ thomas@werning.comထံ ဆက်သွယ်ပေးပါ။

ရည်ရွယ်ချက်၊ တရားဥပဒေ အခြေခံအကြောင်းရင်း၊ လက်ခံရရှိသူ အမျိုးအစားများ၊ ဒေတာ စီစဉ်လုပ်ဆောင်ခြင်းအတွက် သိမ်းဆည်းရန် ကာလ
ရည်ရွယ်ချက်- ကုမ္ပဏီ၏ ရှင်းလင်းတင်ပြချက်၊ ဝန်ဆောင်မှုများအတွက် ပြဠာန်းချက်များ နှင့်/သို့မဟုတ် ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် အင်တာနက်ဖြင့် ဆက်သွယ်ခြင်း။

ဤဝဘ်ဆိုက်ပေါ်တွင် ဒေတာ စီစဉ်လုပ်ဆောင်ခြင်း ရည်ရွယ်ချက်သည် ကျွန်ုပ်တို့၏ ဆက်သွယ်ရန် လူများနှင့် ရည်ရွယ်ချက်ရှိစွာ ဆက်သွယ်ပြောဆိုရန် သုံးစွဲသူအတွက် ဆက်စပ် ဖြစ်နိုင်ခြေနှင့်အတူ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက် ပံ့ပိုးပေးရန် ဖြစ်ပါသည်။

ကိုယ်ရေးဒေတာအား အောက်ပါ တရားဥပဒေ အခြေခံအကြောင်းရင်းများနှင့်အညီ စီစဉ်လုပ်ဆောင်ပါသည်-
• သက်ဆိုင်သူ၏ အခြေခံ ကိုယ်ရေးဒေတာများကို စီစဉ်လုပ်ဆောင်ခြင်းအတွက် ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း [DSGVO ] ၏ ပိုဒ်ခွဲ 6၊ စာပိုဒ် 1 စာ a။
• သက်ဆိုင်သူ၏ အခြေခံ ပြည့်မြောက်ခြင်းနှင့် ဆက်စပ် သဘောတူညီချက်မရမီ ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းအတွက် ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း [DSGVO ] ၏ ပိုဒ်ခွဲ 6၊ စာပိုဒ် 1 စာတမ်း b။
• သက်ဆိုင်သူ၏ အခြေခံ သို့မဟုတ် ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း [DSGVO ] နှင့် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ သက်ဆိုင်သည့် နိုင်ငံ၏ တရားဥပဒေနှင့်အညီ ကျွန်ုပ်တို့၏ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရာများ ပြည့်မြောက်စေရန်အတွက် လိုအပ်သော ကိုယ်ရေးဒေတာ စီစဉ်လုပ်ဆောင်ခြင်းဆိုင်ရာ ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း [DSGVO ] ၏ ပိုဒ်ခွဲ 6၊ စာပိုဒ် 1 စာတမ်း c။
• သက်ဆိုင်သူ၏ အခြေခံ လွတ်လပ်မှုများနှင့် အခြေခံ ရပိုင်ခွင့်များအပြင် အကျိုးအမြတ်များကို အလေးသာခြင်း မရှိသောကြောင့် ကျွန်ုပ်တို့၏ သို့မဟုတ် ပြင်ပအဖွဲ့အစည်း၏ ခံစားခွင့်ရှိသော အကျိုးအမြတ်များကို ကာကွယ်နိုင်စေရန်အလို့ငှာ လိုအပ်သော ကိုယ်ရေးဒေတာကို စီစဉ်လုပ်ဆောင်ခြင်းအတွက် ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း [DSGVO ] ၏ ပိုဒ်ခွဲ 6၊ စာပိုဒ် 1 အကိုးအကား f။ ခံစားခွင့်ရှိသော အကျိုးအမြတ်များမှာ၊ အထူးသဖြင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်၊ အချက်အလက် လုံခြုံရေး၊ တရားဝင်တောင်းဆိုချက်များကို အခိုင်အမာဖြစ်စေခြင်းနှင့် အခြား ဥပဒေဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာနိုင်စေရန် ပံ့ပိုးပေးနိုင်သော လုပ်ငန်းဆိုင်ရာ အကျိုးအမြတ် ဖြစ်ပါသည်။

ဤသို့လုပ်ဆောင်ရန်အတွက်၊ ဝန်ဆောင်မှုများ ပြဠာန်းချက်အရ လျှို့ဝှက်ရေးနှင့် ဒေတာ ကာကွယ်ရေးကို လိုက်နာသည့် ဝန်ဆောင်မှုပေးသူများကို တာဝန်ပေးပါသည်။ ဥပဒေဆိုင်ရာ သတ်မှတ်ချက်များကို ကျော်လွန်သည့် အထူးသီးသန့် အခြေအနေတွင် လူထုအခြေပြု အာဏာပိုင်များထံ လွှဲပြောင်းမှု ဖြစ်ပေါ်ပါသည်။

ဝဘ်ဆိုက်သို့ သင်ဝင်ကြည့်ချိန်တွင် သင့်ဘရောင်ဇာနှင့် ချိတ်ဆက်မှု စတင်ပါသည်။ ရယူထားသည့် ဖော်ပြပါ အချက်အလက်များအား ယာယီစနစ်ဖိုင်များအဖြစ် သိမ်းဆည်းပြီး အလိုအလျောက် မှတ်တမ်းတင်ပါသည်- သင့်စက်၏ IP လိပ်စာ၊ ဝင်ကြည့်သည့် ရက်စွဲနှင့် အချိန်၊ ကြည့်ခဲ့သည့် ဖိုင်များ၏ အမည်နှင့် URL၊ ဝင်ကြည့်ခဲ့သည့် ဝဘ်ဆိုက် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ စာမျက်နှာသို့ ရောက်လာသည့်နေရာ (လွှဲပြောင်းပေးသူ URL)၊ ဘရောင်ဇာနှင့် သက်ဆိုင်ပါက သင့်စက်၏ လုပ်ဆောင်မှုစနစ်နှင့် သင်၏ ဝန်ဆောင်မှုပေးသူ၏ အမည်။

ချောမွေ့သော ချိတ်ဆက်မှု ဖြစ်စေရန်နှင့် စနစ် လုံခြုံရေးအတွက် ဖော်ပြထားသည့် ဒေတာကို ကျွန်ုပ်တို့ စီစဉ်လုပ်ဆောင်ပါသည်။ စုပုံလာသော ချိတ်ဆက်မှု ဒေတာအား – ပုံမှန်အားဖြင့် အများဆုံး ခုနှစ်ရက်အကြာတွင် အလိုအလျောက် ဖျက်ပစ်ပါသည်။ ယင်းကာလအထိ ဝဘ်ဆိုက်ကို လွဲမှားစွာ အသုံးပြုပါက၊ အထောက်အထားအတွက် လိုအပ်သော မှတ်တမ်းဒေတာအား အမှုကိစ္စကို ဖြေရှင်းပြီးသည်အထိ သိမ်းဆည်းသွားပါမည်။

ကိုယ်ရေးဒေတာကို ကိုင်တွယ်ဆောင်ရွက်ခြင်း
ဝဘ်ဆိုက် အော်ပရေတာသည် ကိုယ်ရေးဒေတာကို ရယူအသုံးပြုပြီး တရားဥပဒေ နယ်ပယ်အတွင်း ခွင့်ပြုချိန်တွင်သာ သို့မဟုတ် ဒေတာ ရယူရေးအတွက် သဘောတူညီချက် ပေးထားမှသာ ၎င်းဒေတာအား ပြင်ပအဖွဲ့အစည်းများထံ လွှဲပြောင်းပါသည်။ ဆုံးဖြတ်ရန် အသုံးပြုသည့် အချက်အလက်အားလုံးက သင်မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပြီး ၎င်းအား သင့်ကို ခြေရာခံရန် အသုံးပြုနိုင်သည် – ဥပမာ၊ ကိုယ်ရေးဒေတာအဖြစ် အသုံးပြုသည့် သင့်အမည်၊ အီးမေးလ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်။

အဆက်အသွယ် ဒေတာကို ကိုင်တွယ်ဆောင်ရွက်ခြင်း
ရနိုင်သော အဆက်အသွယ် ရွေးချယ်မှုများဖြင့် ဝဘ်ဆိုက် အော်ပရေတာကို သင်ဆက်သွယ်ပါက၊ စီစဉ်လုပ်ဆောင်ခြင်းနှင့် သင့်စုံစမ်းမေးမြန်းမှုကို အကြောင်းပြန်ခြင်းအတွက် ဝင်ရောက်အသုံးပြုနိုင်စေရန် သင့်အချက်အလက်ကို သိမ်းဆည်းပါသည်။ သင့်ခွင့်ပြုချက်မရှိဘဲ ပြင်ပအဖွဲ့အစည်းများထံ ဒေတာကို လွှဲပြောင်းခြင်း မပြုပါ။

Google Analytics
ဝဘ်ဆိုက်သည် Google Inc. ("Google") ၏ ဝဘ်ဆိုက် စိစစ်သူ ဝန်ဆောင်မှုဖြစ်သည့် Google Analytics ကို အသုံးပြုပါသည်။ အသုံးပြုမှုသည် ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း၏ ပိုဒ်ခွဲ 6 စာပိုဒ် 1 စာမျက်နှာ 1 စာတမ်း f အပေါ် အခြေခံပါသည်။ Google Analytics သည် သင့်ကွန်ပျူတာပေါ်တွင် သိမ်းဆည်းသည့် စာသားဖိုင်များဖြစ်သည့် "ကွက်ကီးများ" ကို အသုံးပြုပြီး ယင်းက ဝဘ်ဆိုက်အား သင်၏ အသုံးပြုမှုအတွက် စိစစ်မှုကို ဖွင့်ပေးပါသည်။ ဤကဲ့သို့သော ဝဘ်ဆိုက် အသုံးပြုမှုနှင့် ပတ်သက်၍ ကွက်ကီးက ထုတ်ပေးသည့် အချက်အလက်များအား-
- ဘရောင်ဇာ အမျိုးအစား/ဗားရှင်း၊
- လုပ်ဆောင်မှုစနစ်၊
- လွှဲပြောင်းပေးသူ URL (ယခင် ဝင်ကြည့်ခဲ့သည့် စာမျက်နှာ)၊
- ဝင်ကြည့်သည့် ကွန်ပျူတာ၏ လက်ခံသူအမည် (IP လိပ်စာ)၊
- ဆာဗာ စုံစမ်းမေးမြန်းချိန်၊
ပုံမှန်အားဖြင့် USA ရှိ Google ဆာဗာသို့ လွှဲပြောင်းပေးပြီး ယင်းနေရာတွင် သိမ်းဆည်းပါသည်။ Google Analytics ၏ အတိုင်းအတာအတွင်း ဆုံးဖြတ်ထားသည့် သင့်ဘရောင်ဇာ၏ IP လိပ်စာအား Google ၏ အခြားဒေတာနှင့် ပေါင်းစပ်ခြင်း မပြုပါ။ ဤဝဘ်ဆိုက်ပေါ်ရှိ Google Analytics အား "anonymizeIP" ကုဒ်ဖြင့်လည်း ကျွန်ုပ်တို့ တိုးချဲ့ထားပါသည်။ ဒေတာအားလုံးကို အမည်မဖော်ပြဘဲ ရယူထားသောကြောင့် သင့် IP လိပ်စာအား ဖုံးကွယ်ခြင်းကိုလည်း အာမခံပေးပါသည်။ IP လိပ်စာအပြည့်အစုံအား USA ရှိ Google ဆာဗာသို့သာ လွှဲပြောင်းပေပြီး ခြွင်းချက် အခြေအနေများတွင် အတိုချုံးပေးပါသည်။

ဝဘ်ဆိုက် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းပို့ချက်များကို စုစည်းရန်နှင့် ဝဘ်ဆိုက်အသုံးပြုမှုနှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ နောက်ဆက်တွဲ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် အလို့ငှာ သင်၏ ဝဘ်ဆိုက် အသုံးပြုမှုကို အကဲဖြတ်နိုင်စေရန် ဤဝဘ်ဆိုက်၏ အော်ပရေတာ ကိုယ်စား ဤအချက်အလက်ကို Google က အသုံးပြုပါသည်။ သင့်ဘရောင်ဇာ ဆော့ဖ်ဝဲတွင် သင့်လျော်သော ဆက်တင်ဖြင့် ကွက်ကီးများ သိမ်းဆည်းမှုကို သင်တားဆီးနိုင်သည်။ သို့သော်၊ ဤအခြေအနေတွင် ဤဝဘ်ဆိုက်၏ လုပ်ဆောင်ချက်အားလုံးကို အတိုင်းအတာ အပြည့်အထိ သင်အသုံးမပြုနိုင်ကြောင်း မှတ်သားပေးပါ။

ကွက်ကီးထုတ်သည့် ဒေတာနှင့် Google တွင် သင်၏ ဝဘ်ဆိုက် (သင့် IP လိပ်စာ အပါအဝင်) အသုံးပြုဆိုင်ရာ ဒေတာကို စုဆောင်းခြင်းနှင့် အောက်ပါလင့်ခ်-
http://tools.google.com/dlpage/gaoptout?hl=en တွင် ရနိုင်သည့် ဘရောင်ဇာ ပလပ်အင်ကို ဒေါင်းလုဒ်လုပ်ခြင်းနှင့် ထည့်သွင်းခြင်းဖြင့် အဆိုပါဒေတာကို Google က စီစဉ်လုပ်ဆောင်မှုကိုလည်း သင် တားမြစ်နိုင်ပါသည်။ ဘရောင် ဖြည့်စွက်မှု၏ ပုံစံတူအဖြစ်၊ မိုဘိုင်းဖုန်းများပေါ်တွင်သုံးသော ဘရောင်ဇာများအတွက် ဤလင့်ခ်ကို နှိပ်ခြင်း ဖြင့် Google Analytics ၏ စုဆောင်းမှုကိုလည်း သင်တားဆီးနိုင်သည်။ ဤဝဘ်ဆိုက်ကို ဝင်ကြည့်ချိန်တွင် သင့်ဒေတာကို နောက်ပိုင်း စုဆောင်းမှုအား တားဆီးသည့် ဖယ်ရှားရေး ကွက်ကီးကို သင် သတ်မှတ်ထားသည်။ ဖယ်ရှားရေး ကွက်ကီးသည် ဤဘရောင်ဇာနှင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင်သာ အကျုံးဝင်ပြီး ၎င်းအား သင့်စက်တွင် သိမ်းဆည်းထားသည်။ ဤဘရောင်ဇာတွင် သင့်ကွက်ကီးများကို ဖျက်လိုက်ပါက၊ ဖယ်ရှားရေး ကွက်ကီးကို ထပ်မံ၍ သင်သတ်မှတ်ရပါမည်။

Google Maps နှင့် YouTube
မြေပုံများကို မြှုပ်သွင်းရန် Google Maps နှင့် ဗီဒီယိုများကို မြှပ်သွင်းရန် YouTube ကို ကျွန်ုပ်တို့ အသုံးပြုပါသည် (ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် သက်ဆိုင်ရာ ပါတီများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်းဖြင့် YouTube တွင်ပါသော ခြေရာခံလုပ်ဆောင်ချက်များကို သွေဖည်၍ ဂျာမန် ဒေတာ ကာကွယ်ရေး စည်းမျဉ်း- ပိုဒ်ခွဲ 6၊ စာပိုဒ် 1 စာတမ်း f နှင့်အညီ တရားဥပဒေ အခြေခံအကြောင်းရင်း)။ USA ရှိ Google LLC သည် အမေရိကန်-ဥရောပ လျှို့ဝှက်ရေး အကာအကွယ်အရ သင့်လျော်သော ဒေတာ ကာကွယ်ရေးကို အာမခံရန် ကြိုးပမ်းလုပ်ဆောင်ထားပါသည်။ နောက်ထပ် အချက်အလက်အတွက်၊Google၏ လျှို့ဝှက်ရေး မူဝါဒအား ကိုးကားပါ။

သင်၏ သတင်းသိပိုင်ခွင့်၊ သတင်းပို့ခြင်း၊ ဖျက်ပစ်ခြင်း၊ ငြင်းဆိုခြင်းနှင် ဒေတာသယ်ယူခွင့်
သင်၏ သတင်းသိပိုင်ခွင့်၊ ဒေတာပေးပို့ခြင်းနှင့် ဖျက်ပစ်ခြင်းကို အချိန်မရွေး ရဲရဲတင်းတင်း ပြောဆိုနိုင်ပါသည်။ အထက်ဖော်ပြပါ နည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံ အလွယ်တကူ ဆက်သွယ်ပေးပါ။ ဒေတာဖျက်ပစ်ရန် ဆန္ဒရှိသော်လည်း အဆိုပါ ဒေတာကို ဥပဒေအရ ကျွန်ုပ်တို့ ဆက်လက်၍ ထိန်းသိမ်းထားခွင့်ရှိပါလျှင်၊ သင့်ဒေတာကို အသုံးပြုခွင့်အား ကန့်သတ်သွားပါမည် (တားမြစ်)။ ၎င်းမှာ ငြင်းဆိုသည့်အခြေအနေတွင်လည်း အတူတူဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့် လက်ခံရရှိသူ နှစ်ဦးလုံးတွင် အသုံးပြုနိုင်သည့် နည်းပညာဆိုင်ရာ လုပ်နိုင်စွမ်းများ ရှိသောကြောင့် ဒေတာသယ်ယူခွင့်အတွက် သင့်လုပ်ပိုင်ခွင့်အား ရဲရဲတင်းတင်း ပြောဆိုနိုင်ပါသည်။

တရားဥပဒေအရ ကုစားခွင့်
ဒေတာ ကာကွယ်ရေး အာဏာပိုင်များအား တိုင်ကြားမှုပြုလုပ်ရန် ရွေးချယ်ခွင့် သင့်တွင်ရှိပါသည်။

ဒေတာ လုံခြုံရေး / စာဝှက်ခြင်း
ဤဝဘ်ဆိုက်သည် "Hypertext Transfer Protocol Secure (https) ကို အသုံးပြုပါသည်။ သင့်ဘရောင်ဇာနှင့် ကျွန်ုပ်တို့၏ ဆာဗာကြား ဆက်သွယ်မှုကို စာဝှက်ထားပါသည်။

ဤဒေတာ လျှို့ဝှက်ရေး ထုတ်ပြန်ချက်၏ ရေပန်းစားမှုနှင့် ပြင်ဆင်ချက်
ကျွန်ုပ်တို့က ဤဒေတာ လျှို့ဝှက်ရေး ထုတ်ပြန်ချက်ပါ အကြောင်းအရာကို အချိန်မရွေး ပြင်ဆင်ခွင့်ရှိသည်။ ၎င်းက သာမန်အားဖြင့် စဉ်ဆက်မပြတ် တိုးတက်မှု သို့မဟုတ် ဝန်ဆောင်မှုများ ကျင့်သုံးခြင်း လမ်းကြောင်းတွင် ဖြစ်ပေါ်ပါသည်။ လက်ရှိ ဒေတာ လျှို့ဝှက်ရေး ထုတ်ပြန်ချက်အား ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်ပါသည်။ ဤထုတ်ပြန်ချက် ရက်စွဲ- 14/05/2018