နောက်သို့

အရည်အသွေး

ထုတ်ကုန်
မြင့်မားသည့် လုပ်ဆောင်နိုင်စွမ်းရှိသော pps-ဖြင့်ထိန်းချုပ်သည့် ကုန်ထုတ်လုပ်မှုယူနစ်များနှင့် ဓာတ်ခွဲခန်း၌ အရည်အသွေးစမ်းသပ်သည့်စနစ်တို့ကြောင့် မြင့်မားသောထုတ်ကုန်အရည်အသွေးကို စိတ်ချသေချာစေနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး
သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေခြင်း-နဂိုအတိုင်းပြန်လည် ပြင်ဆင်မွမ်းမံရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းကာကွယ်ခြင်း။ SCHOMBURG ကုမ္ပဏီများအုပ်စုသည် ဤအချက်ပေါ်တွင် အထူးအလေးထားဆောင်ရွက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ထုတ်ကုန်အချို့ကို DGNB၊ LEED၊ EMICODE နှင့် EPD လမ်းညွှန်ချက်များဆိုင်ရာ လိုအပ်ချက်များ၊ စံနှုန်းများနှင့်ပြည့်မီရသည့် တင်းကြပ်သောစစ်ဆေးမှုများ လုပ်ဆောင်ထားပါသည်။

ထုတ်ကုန်နည်းစနစ်
ဓာတုပစ္စည်းနှင့် အသုံးချနည်းပညာဂုဏ်သတ္တိများကို ထိန်းညှိထားသည့် ကုန်ပစ္စည်းများသည် မြင့်မားသောအသုံးဝင်မှုနှင့် ဘေးကင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို စိတ်ချသေချာရစေပါသည်။

ကျွမ်းကျင်သူများ၏ တွေ့ဆုံတိုင်ပင်မှု
စွမ်းရည်ပြည့်ဝသော နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းအဖွဲ့ဝင်များသည် ကျွမ်းကျင်စွာအသုံးပြုနိုင်သူများ သို့မဟုတ် ထိုကဲ့သို့ဖြစ်လာလိုသူများအတွက် အသင့်ရှိပါသည်။

အမှာစာတင်ခြင်းလုပ်ငန်းစဉ်
ကျွမ်းကျင်သုံးစွဲသူရေးရာ မန်နေဂျာများ၊ အပြည့်အဝ အလိုအလျောက် ကုန်ပစ္စည်းပေးပို့ခြင်းနှင့် ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် ကိုယ်တိုင်ထောက်ပံ့ပို့ဆောင်ရေး ဆောင်ရွက်ပေးသည့်စင်တာတို့သည် ဘေးကင်းပြီး ယုံကြည်စိတ်ချရသည့် အော်ဒါလုပ်ငန်းစဉ်အတွက် အာမခံချက်များဖြစ်ပါသည်။

အဆင့်မြင့်လေ့ကျင့်ရေးနှင့် ကျွမ်းကျင်ပညာရှင်များ ပျိုးထောင်ခြင်း
ကောင်းမွန်ပြီး ဘေးကင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကောင်းမွန်သည့် ကုန်ပစ္စည်းများနှင့် နည်းစနစ်များရှိလာကြောင်း သေချာစေရန်အတွက် ပုံမှန်အချိန်အပိုင်းအခြားအလိုက် နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲများပြုလုပ်ပါသည်။

…နှင့် အားလုံးသည် DIN EN ISO 9001:2015 နှင့်အညီ အသိအမှတ်ပြုလက်မှတ်ရရှိထားပါသည်။